top of page

အလုပ်နဲ့ ငွေကြေးစီးပွားဂရုစိုက်ရမဲ့ နေ့နံသားများ

၂၀၂၆ ခုနှစ် - ၂၀၂၇ ခုနှစ် ဧပြီလအထိ ကာလဟာ ကောင်းကင်ဂြိုဟ်အနေအထားအရ အပြောင်းအလဲကြီးမားတဲ့ ကာလတစ်ခု ဖြစ်ပါတယ်ရှင်။

အထူးသဖြင့် စနေဂြိုဟ် (Saturn) နဲ့ ရာဟုဂြိုဟ် (Rahu) တို့ရဲ့ အသွားအလာတွေကြောင့် အလုပ်အကိုင်ငွေကြေး ဆိုင်ရာထိခိုက်ဆုံးရှံုးနိုင်တာတွေ ကို သတိထားရမယ့်သူတွေနဲ့ ကြာသပတေးဂြိုဟ်ရဲ့ အပြောင်းအရွေ့ကြောင့်အလုပ်အကိုင်နဲ့ ငွေကြေးဆိုင်ရာ ကံအားကောင်းလာမဲ့ အခွင့်အလမ်းသစ်ရမယ့်သူတွေလည်း

ရှိနေပါတယ်နော်။

၇ရက်သားသမီးအကျိုးအတွက် မျှဝေပေးလိုက်ပါတယ်။

 ကြိုတင်သိရှိထားရင် ကာကွယ်နိုင်ဖို့ပါနော်။

အလုပ်နဲ့ အထိခိုက်/ဆုံးရှုံးမှုကို အထူးသတိထားရမယ့် နေ့နံသား = စနေ၊ ဗုဒ္ဓဟူး၊ရာဟု၊ သောကြာ

ထိုနေ့သားတွေကမှ စနေသားသမီးတွေက

ဒီသက်ရောက်တွေကတော့ပိုပြီး ဂရုစိုက်ပေးရပါမယ်နော်။

အသက် ၂၂။၂၃၊၂၄၊၂၅၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄၊၃၅၊၃၆၊၃၇၊၃၈၊၃၉၊

၄၀၊၄၁ ၊၄၇၊၅၂၊၅၃၊၅၄ တို့ဖြစ်ပါတယ်။

သက်ရောက် ၆၆၊၆၇၊၇၁တို့ကတော့ ငွေကြေးပိုင်းဆိုင်ရာထိခိုက်နိုင်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ

၁၇၊၁၈၊၂၂၊၂၃၊ ၃၁၊၃၆၊၃၉၊၄၄၊၄၆၊၄၇၊၄၈၊၄၉၊၅၀၊၅၁၊၅၂၊၊၅၅၊၅၆၊

 ၆၃၊၆၄၊၇၁ (ရာဟု ချိန်မွေးသူများလည်း အကျုံးဝင်ပါတယ်)

သောကြာသားသမီးများ

အသက် ၂၀၊၂၁၂၃၊၂၄၊၃၁၊၃၈၊၃၉၊၄၄၊၄၇၊၅၂၊ ၅၃၊၅၅များက အထူးဂရုစိုက်ရပါမယ်နော်။

၆၃၊၇၀၊၇၉၊၈၇တို့ကတော့ ငွေကြေးပိုင်းဆိုင်ရာအကုန်အကျများခြင်းကြုံရနိုင်ပါတယ်။

ဒါ့အပြင် ဒီကာလအတွင်းမှာ နာဂရသတ်ခတ်ကြုံလို့ ဂရုစိုက်ရမဲ့

အသက်အပိုင်းအခြားတွေကတော့ မည်သည့် နေ့သားမဆို

၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ တို့မှာ နာဂရသတ်ခတ်ကြုံပါတယ်။ ဒါကြောင့် ဂရုစိုက်ရပါမယ်နော်။

ဂြိုဟ်အပြောင်းအလဲတွေကြားမှာ

အလုပ်ငွေကြေး ပိုပြောင်းလဲနိုင်တဲ့ နေ့နံသား = တနင်္လာ၊ တနင်္ဂနွေ၊ အင်္ဂါ နဲ့ ကြာသပတေး တို့ဖြစ်ပါတယ်။

ထိုနေ့နံသားတွေထဲကမှ ကံအားနည်းနေတဲ့ အသက်အပိုင်းအခြားရောက်နေလို့ ဂရုစိုက်ရမဲ့ အသက်အပိုင်းအခြားတွေကို ဖော်ပြပေးလိုက်ပါတယ်။

အသက်အပိုင်းအခြားအရ ကြုံရတဲ့ဘုမိများ၊ သခတ်များကြောင့် အဆိုးဘက်ကို ပြောင်းလဲနိုင်တာလည်း ရှိနေပါတယ်။

ဒါကြောင့် ဂရုစိုက်ထားရင် မမှားပါဘူးနော်။

တနင်္ဂနွေသားသမီးတွေထဲက ဒီသက်ရောက်တွေကတော့ပိုပြီး ဂရုစိုက်ပေးရပါမယ်နော်။

၁၈၊၁၉၊ ၃၁၊ ၃၂၊၃၃၊ ၃၆၊ ၃၉၊၄၆၊ ၄၇၊ ၅၂၊၅၅ အရွယ်တွင်းအပြောင်းအလဲကြုံရနိင်ပါတယ်။ ၆၀၊ ၆၁၊၆၂၊ ၆၃၊ ၇၅၊၇၆၊၇၇၊၇၈၊၇၉၊ ၈၀၊၈၁၊၈၂၊၈၃ အရွယ် တွေ ဂရုစိုက်ရပါမယ်။ဂရုစိုက်ထားလျှင် မမှားပါဘူးနော်။

တနင်္လာ သားသမီးများ

 ၁၈၊၁၉၊၂၀၊ ၂၃၊ ၃၁၊ ၃၂၊ ၃၄၊ ၃၉၊ ၄၄၊ ၄၇၊၊ ၄၈၊၄၉၊၅၀၊၅၂၊ ၅၅၊

နှစ်အရွယ်များအပြောင်းအလဲကြုံရနိုင်ပါတယ်။ ၆၂၊၆၃၊၇၀၇၅၊၇၆၊၆၉၊၇၀၊၇၁၊၇၂၊၇၃၊၇၄

နှစ်အရွယ် မဖြစ်မနေ ဂရုစိုက်ရပါမယ်။ဂရုစိုက်ထားလျှင် မမှားပါဘူးနော်။

အင်္ဂါ သားသမီးများ

 ၁၉၊၂၀၊ ၂၁၊၃၁၊ ၃၄၊၃၅၊၃၆၊၃၉၊

၄၄၊၄၇၊၄၈၊၄၉၊၅၂၊၅၅၊၊၆၀တွင်း ပါဝင်ပါတယ်။ ၆၀၊၆၁၊၆၂၊၆၃၊၆၃၊၆၄၊၆၅၊၆၆ဂရုစိုက်ထားလျှင် မမှားပါဘူးနော်။

ကြာသပတေးသားသမီးတွေကတော့

၁၉၊၂၀၊၂၁၊၂၂၊၂၃၊၂၄၊၊၃၁၊၃၃၊ ၃၅၊၃၆၊

၃၇၊၃၉၊ ၄၇၊၄၈၊၄၉၊ ၅၁၊၅၂၊၅၃၊၅၅တို့က ဂရုစိုက်ရပါမယ်နော်။

ရာသီဖွားအနေနဲ့ ပြောရလျှင်တော့

Aries / Libra တွေကတော့ career reset, burden, delay, reality check များတတ်ပါတယ်။

Gemini / Virgo / Sagittarius / Pisces တို့က Mercury retrograde နဲ့ Virgo–Pisces eclipse axis ကြောင့် အလုပ်ပြောင်းစိတ်၊ စာချုပ်ပြန်စစ်ရတာ၊ ငွေဝင်ငွေထွက်အလွဲအချော်တွေ ပိုဖြစ်လွယ်နိုင်ပါတယ်။

အနှစ်ချုပ်ပြောရလျှင်တော့

အထိခိုက်/ဆုံးရှုံးမှု ပိုသတိထားရမယ့် နေ့နံသားတွေက

 စနေ၊ ဗုဒ္ဓဟူး၊ရာဟု၊ သောကြာ

အလုပ်ငွေကြေး ပိုပြောင်းလဲနိုင်တဲ့ နေ့နံသားတွေကတော့

 တနင်္လာ၊ တနင်္ဂနွေ၊ အင်္ဂါ၊

သတိထားရမယ့် ရာသီဖွားတွေကတော့

 Aries, Libra, Gemini, Virgo, Sagittarius, Pisces, Taurus, Leo, Scorpio, Aquarius

အခွင့်အရေးဖွင့်နိုင်တဲ့ ရာသီဖွား တွေကတော့ Cancer, Leo, Aries, Sagittarius, Gemini

တကယ်တိတိကျကျနဲ့ သေသေချာချာ သိချင်ရင်တော့ ကိုယ့်ရဲ့

မွေးသက္ကရာဇ်နဲ့ မွေးဖွားရာနေရာ၊ လက်ရှိအလုပ်လုပ်ကိုင်ရာနေရာတွေနဲ့ ဇာတာကိုကြည့်ပြီး တွက်ချက်မှသာလျှင် ဘယ်လမှာ အလုပ်ပြောင်းသင့်/မပြောင်းသင့်၊ ဘယ်လမှာ ငွေကြေးကောင်း/မကောင်း ကို ပိုပြီး တိတိတိကျကျဟောနိုင်ပါမယ်နော်။

တစ်ဦးချင်းဆီအတွက် မေးမြန်းလိုတယ်ဆိုရင်တော့ မက်ဆင်ဂျာကနေ ဆက်သွယ​ေ်ပးပါနော်။

ဒီကာလတွေမှာ လူအများစုအတွက်

ငွေကြေးစီမံခန့်ခွဲမှုမှာ အမှားအယွင်း ဖြစ်တတ်ပါတယ်ရှင်။

အလုပ်မှာလည်း ရာထူးနေရာ အပြောင်းအလဲတွေကြောင့် စိတ်ညစ်ရနိုင်တာမို့ သည်းခံစိတ်နဲ့ ဖြတ်သန်းဖို့ အကြံပြုချင်ပါတယ်ရှင်။ ပေးထားတဲ့ယတြာကို သေချာလုပ်မယ်ဆိုလျှင်ောတ့ ကြုံရနိင်တဲ့ အခက်အခဲတွေ အပြောင်းအလဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

ယတြာ

ဒီကာလဟာ ရာဟုနဲ့ စနေ တို့ရဲ့ သက်ရောက်မှု ပြင်းထန်နိုင်တာကြောင့် ဘယ်နေ့နံသားပဲဖြစ်ဖြစ်

မွေးနေ့တိုင်းမှာ

ဒါနကုသိုလ်အဖြစ် အိမ်က ဘုရားမှာ သောက်ရေလှူပေးပါ။

လူအများအတွက် သောက်ရေ ဒါနပြုပေးပါ။

သီလ စောင့်ထိန်းပေးပါ ဒါ့အပြင်

မိမိတတ်နိုင်သလောက် ဒါနပြုပေးတာ၊ ငါးလွှတ်ပေးတာမျိုးတွေ လုပ်ပေးရင် အညံ့အခိုက်တွေ ပြေပျောက်နိုင်ပါတယ်ရှင်။

ဘာဝနာကုသိုလ်အနေနဲ့ကတော့

နေ့စဉ်ပူဇော်ရမှာကတော့ (၁)မေတာသုတ် ၃ ခေါက်(၂)ပဋ္ဌာန်း(၃) ဂုဏ်တော်ကိုးပါး ပုတီး ၁ပတ် စိတ်ပေးနိုင်လျှင် အထူးကောင်းပါမယ်။

လက်ရှိမှာလည်း အလုပ်အကိုင် အဆင်မပြေဖြစ်နေတယ်ဆိုရင်တော့

ကြာသပတေးနေ့ နံနက်မှာ သက်ကြီးရွယ်အို (သို့မဟုတ်) မိဘမဲ့ ကလေးငယ်တွေကို အာဟာရဒါန လှူဒါန်းပေးပါ တယ်။

အလုပ်အတွင်း ရန်ဘေးကင်းစေရန်: နေ့စဉ် မေတ္တာသုတ်ကို ၉ ခေါက် ရွတ်ဖတ်ပြီး ကိုယ့်အပေါ် ရန်လိုသူတွေကိုပါ အမည်တပ်၍ မေတ္တာပို့သပေးပါ တယ်။

အလုပ် ကံကောင်းစေမဲ့ အရောင် ကတော့ အဖြူရောင် (White)ဖြေရှင်းစရာကြုံတိုငး အဖြူရောင်ဝတ်ဖြင့်သာ ဖြေရှင်းပါ၊ အနက်နဲ့ အနီကို တတ်နိုင်သမျှ ရှောင်ပေးပါ။

ဗေဒင်ပညာကို လိုက်စားနေကြတဲ့ သူများအတွက် ဂြိုဟ်အပြောင်းအလဲတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

2026 Feb–2027 Apr အတွင်း အလုပ်နဲ့ငွေကြေးကို အဓိကလှုပ်စေမယ့်အပြောင်းအလဲတွေက Uranus Gemini ဝင်တဲ့

April 25, 2026, Jupiter Leo ဝင်တဲ့ June 30, 2026,

Venus retrograde October 3–November 13, 2026,

Jupiter retrograde December 12, 2026–April 12, 2027,

Mercury retrograde February 26–March 20, 2026 / June 29–July 23, 2026 / October 24–November 13, 2026 / February 9–March 3, 2027 နဲ့

eclipse points February 17 & March 3, 2026 / August 12 & August 28, 2026 / February 6 & February 20, 2027 တို့ပါ။

Source times က Eastern Time ဖြစ်လို့ Asia side မှာ တချို့ဖြစ်စဉ်တွေက အရှေ့တိုင်းနဲ့ အနောက်တိုင်းအချိန်ကွာခြားချက်အရ တစ်ရက်လောက်တော့ ကွာခြားနိုင်ပါတယ်နော်။

ဒီကာလတစ်လျှောက် အကြမ်းဖျဉ်း အပြင်းဆုံး

caution windows ကို ခွဲပြောရရင်

February 13–March 20, 2026 — Saturn Aries + February 17 solar eclipse + March 3 lunar eclipse + Mercury retrograde overlap

June 29–July 23, 2026 —

Mercury retrograde, June 30 Jupiter Leo ingress နီးကပ်

August 12–November 13, 2026 — August eclipses, Venus retrograde, Mercury retrograde overlap

February 6–April 12, 2027 — February 6 solar eclipse, February 9–March 3 Mercury retrograde, February 20 lunar eclipse, Jupiter retrograde end period.

ချစ်သောသူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဘေးကင်းလိုရာပြည့်ကြပါစေ။

နှလုံးစိတ်ဝမ်းအေးချမ်းကြပြီး ကိုယ့်ကိုယ်ကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ကြပါစေရှင်။

မေတ္တာဖြင့်

May Thingyan Hein-Myitmakha

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page