top of page

စနေ သားသမီးများအတွက် လာမဲ့ ၂၀၂၆



လူတိုင်းလူတိုင်းမှာ ကံတရားရဲ့ အထောက်အပံ့ကောင်းရရှိနိုင်တဲ့ နှစ်ဆိုတာရှိသလို၊ ကံအားနည်းတဲ့ နှစ်ဆိုတာလည်း လူတိုင်းမှာ ရှိပါတယ်။


ကံတရားရဲ့ အထောက်အပံ့ရတဲ့ အချိန်မှာ ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှု ရရှိနိုင်ပါတယ်။ ငွေကြေး၊အလုပ် ကံ အထူးကောင်းတတ်ပြီး၊ ကံတရားအထောက်အပံ့ရရှိချိန်မှာ ကျန်းမာရေး အညံ့ကြုံလျှင်တောင်မှ ဆေးတွေ့ပြီး သက်သာပျောက်ကင်းစေပါတယ်။ အမှုပြသနာကြုံလျှင်လည်း အညံ့အဆိုးသက်သာစေပါတယ်။


လာမဲ့ ၂၀၂၆ မှာ စနေ သားသမီးတွေရဲ့ ကံတရားအခြေအနေကို အသက်အပိုင်းအခြားလိုက် ဖော်ပြပေးလိုက်ပါတယ်။


ကံတရားရဲ့ အထောက်အပံ့ကောင်းရရှိနိုင်တဲ့


စနေ သားသမီးတွေရဲ့ အသက်အပိုင်းအခြားတွေကတော့ အသက် ၁၅၊၁၆၊၁၇၊ ၁၈၊၁၉

အသက်၊ ၂၉ ၊ ၃၀၊၃၂ နဲ့

သက်လတ်ပိုင်းမှာတော့ ၄၂ ၊ ၄၃ ၊ ၄၅ ၊၄၆

အသက် ၅၈ ၊ ၅၉၊ ၆၁၊၆၂၊

သက်ကြီးပိုင်းမှာတော့ အသက် ၇၃၊၇၄၊၇၅ နဲ့ ၈၅၊၈၆၊ ၈၈၊၈၉ တို့ ဖြစ်ပါတယ်။


ကံတရားရဲ့ အထောက်အပံ့ရရှိတဲ့ကာလမို့ ကြိုးစားရင်ကြိုးစားသလောက်အောင်မြင်နိုင်ပါတယ်။


ကံအားနည်းတဲ့

အသက်အပိုင်းအခြားတွေကတော့

စနေ သားသမီး

အသက် ၇၊၉၊၁၀၊၁၁၊၂၄၊၂၅၊၂၉၊၃၀၊၃၁နဲ့ ၊၃၃၊

၃၅၊၃၆၊၃၇၊၃၈၊၃၉ ထိ ဂရုစိုက်ရပါမယ်။


သက်လတ်ပိုင်းမှာတော့

၄၀၊၄၁ ၊ ၄၄၊၄၇၊၅၂၊၅၃၊၅၅

သက်ကြီးပိုင်းမှာတော့ ၆၀၊ ၆၃၊

၆၇၊၆၆၊၆၇၊၇၁၊၇၉၊၈၀၊၈၁၈၂။၈၃ ၊၈၇


အဆိုပါသက်ရောက်တွေက အထူးဂရုစိုက်ရမဲ့ သက်ရောက်များ ဖြစ်ပါတယ်။


ဒါ့အပြင်

မည်သည့်နေ့သားမဆို

၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ တို့မှာ နာဂရသတ်ခတ်ကြုံပါတယ်။

နာဂရအချိန်တည်ဆေနရာနဲ့ပတ်သတ်ြပီး

မကောင်းသဘော (အနှောင့်အယှက်၊ ပျက်စီးမှု၊ အဆင်မပြေ မှု) တွေ ကြုံနိုင်တဲ့နှစ်ဖြစ်ပါတယ်။

အလုပ်တွေမတိုးတက်၊ မတော်တဆဖြစ်ခြင်း၊ ကျန်းမာရေးမကောင်း စတာတွေဖြစ်စေတတ်ပါတယ်။


စနေ သားသမီးများက

အသက် ၄၇ နှစ်နဲ့ ၅၅ နှစ်မှာ ဘုမ္မိကြီးကျပါတယ်။

အသက် ၄၄၊ ၅၂၊ ၆၀တို့ ကလည်း ဘုမ္မိကျပါတယ်။

မည်သည့် နေ့သားမဆို

အသက် ၇၊ ၁၃၊၁၅၊ ၂၃၊၃၁၊၃၉၊၄၇၊၅၅၊၆၃၊၇၁၊၇၉၊၈၇နဲ့ ၈၉ တို့ကလည်း ဘုမိလေးကျတဲ့ဂရုစိုက်ရပါမယ်နော်။


ကံအားနည်းတဲ့ နှစ်တွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်လျှင် ဆုံးရှုံးတတ်ပါတယ်။ အလုပ်ထိခိုက်တတ်ပါတယ်။ အမှုပြသနာမကင်းကြုံရတတ်ပါတယ်။

ကျန်းမာရေး အညံ့အခိုက်ကြုံရတတ်ပါတယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။

အတိတ်က အကုသိုလ်ကြောင့် ကံကြွေးဆပ်ရတတ်ပါတယ်။


ဒါကြောင့် ကံအားနည်းချိန်တွေမှာ ဒါန၊သီလ၊ဘာဝနာ အားထုတ်ဖို့ မေတာနဲ့ တိုက်တွန်းပါတယ်။


ကံပွင့်၊ကံမြှင့် ယတြာအနေနဲ့ကတော့

အညံ့အဆိုးပြေစေဖို့ အထူးယတြာ


မွေးနေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်တွင်

အလင်းတိုင် ၁၀ ပူဇော်ပါ။ထီးနီ ၁၀ လက် ပူဇော်ပေးပါ။

မွေးနေ့မှာ သဲအိုး ၁၀ အိုးကို ဘုရားကျောင်းဆောက်ရာမှာ သွားရောက်လှူဒါန်းပေးပါ၊ သဲကို အိုးထဲ ထည့်ပြီး လှူဒါန်းရမှာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး တစ်ပါးကို ထီး၊ဖိနပ်နဲ့ ဓါတ်မီး လှူ ပေးပါ။

အိမ်က ဘုရားမှာ ထန်းလျက်လှူ ပေးပါ။ အနက်ရောင် မုန့် ၁၀ ခုကို အပတ်စဉ် စနေနေ့တိုင်း လှူပေးပါ။

ဂုဏ်တော်ကွန်ချာကို ၉ ခေါက် ပူဇော်ပေးပါ။ ဂုဏ်တော်ကိုးပါး ကို ပုတီး ၁ပတ်၊ ဓါရဏပရိတ်ကို

နေ့စဉ်ပူဇော်ပေးရပါမယ်နော်။

ပြီးလျှင် လိုရာဆုတောင်းပါ။ ဘေးကင်းလိုရာပြည့်ပါလိမ့်မယ်။ ယုံကြည်စွာ လုပ်ဆောင်ပေးပါ။

အလှူဒါနအနေနဲ့ ခရီးစရိတ်လိုနေသူတွေကို ခရီးစရိတ် ငွေ လှူပေးပါ၊

သက်ကြီးရွယ်အိုတွေကို ဆန်နဲ့ ဆေး လှူပေးပါ။

ဘာဝနာအနေနဲ့ မေတ္တာဘာဝနာနဲ့ မရဏနုဿတိပွားပါ။

ဘုမိကျကြီးနေတဲ့သူများကတော့ ပရိတ်ကြီး ၁၁ သုတ်ကို ပူဇော်ပေးပါ။

ဘာဝနာအနေနဲ့ မေတ္တာဘာဝနာနဲ့ မရဏနုဿတိပွားပါ။

ဒါဆိုလျှင်တော့ အထိုက်အလျောက်သက်သာနိုင်ပါတယ်။ ဒါကတော့ အားလုံးအတွက်ယေဘူယျပေးတဲ့ ယတြာဖြစ်ပါတယ်။

တစ်ဦးချင်းဆီအနေနဲ့ ပညာကြေးပေးပြီး သီးသန့်အထူး

တွက်လိုတယ်ဆိုရင်တော့ မက်ဆင်ဂျာကနေ ဆက်သွယ်ပေးပါနော်။

ယတြာ၊ဓါတ်ရိုက်၊ဓါတ်ဆင်ခြင်းအတွက် သီးသန့်ပညာကြေးပေးရန်မလိုပါ။

ယနေ့ထိ မေးမြန်းခဲ့သူပေါင်း ခြောက်ထောင်ကျော်ကို ဟောကြားပေးပြီးဖြစ်ပါတယ်။

ချစ်သောသူများအားလုံးကျန်းမာချမ်းသာပါစေ

ဘေးကင်းလိုရာပြည့်ကြပါစေ။

မေတ္တာဖြင့်

@MayThingyanHein.Myitmakha

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page