top of page

2026 အတွင်းအချစ်နဲ့ အိမ်ထောင်ရေးထိခိုက်နိုင်တဲ့ နေ့နံသားများနဲ့ရာသီဖွားများ

၂၀၂၆ ခုနှစ် မတ်လကနေ ဒီဇင်ဘာလအထိ ကာလအတွင်းမှာ ဂြိုဟ်အသွားအလာ အပြောင်းအလဲတွေကြောင့် အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တဲ့ နေ့နံနဲ့ ရာသီဖွားတွေအကြောင်း ပြောပြပေးပါမယ်ရှင်။

အဓိကအားဖြင့် စနေဂြိုဟ်နဲ့ ရာဟုဂြိုဟ်တို့ရဲ့ အနေအထားတွေကြောင့် အချစ်နဲ့ အိမ်ထောင်ရေးမှာ စမ်းသပ်မှုတွေ ကြုံရနိုင်တာ ဖြစ်ပါတယ်ရှင်။Astrological sources တွေအရ သောကြာဂြိုဟ်( Venus retrograde) ကြောင့် အချစ်နဲ့ အိမ်ထောင်ရေးဆိုင်ရာဆက်ဆံရေးတွေပေါ်မှာ လာပြီး သက်ရောက်နိုင်တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ Feb 13, 2026 onward နဲ့ Jan 26, 2026 onwardမှာလည်း ဂြိုဟ်အနေအထားကြောင့် အချို့စုံတွဲတွေ အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ လာမဲ့ ကာလတွေမှာလည်း ဂရုစိုက်နိုင်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ယတြာကိုပါ မေတာနဲ့မျှဝေပေးလိုက်ပါတယ်နော်။

အဆင်မပြေတဲ့ အချစ်နဲ့ အိမ်ထောင်ရေးအတွက် ဂရုစိုက်ရမဲ့ ကာလတွေကတော့

ဒါပေမဲ့ ဒီကာလမှာ relationship ကို အလှုပ်ခတ်ဆုံး ဖြစ်စေမယ့် transit တွေကတော့

Uranus (Apr 25, 2026 onward),

Mercury retrograde (Jun 29–Jul 23, 2026),

Mercury retrograde (Oct 24–Nov 13, 2026),

Venus retrograde (Oct 3–Nov 13, 2026; shadow Aug 31–Dec 15),

နဲ့ eclipses on Aug 12 (Leo) / Aug 28 (Pisces) တို့ပါ။

Astrological sources တွေအရ Venus retrograde က relationship, intimacy, value, affection တွေကို review လုပ်စေပြီး deal-breaker တွေတောင် ပေါ်လာစေနိုင်ပါတယ်။

၂၀၂၆ မှာ အချစ်ရေးနဲ့ အိမ်ထောင်ရေး ကံညံ့နိုင်တဲ့ နေ့နံသားသမီးများ

စနေနေ့နံသားသမီးများ

မိမိရဲ့ ဇာတာခွင်ထဲမှာ စနေဂြိုဟ် သက်ရောက်မှု ပြင်းထန်နေတဲ့အတွက် အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူနဲ့ အယူအဆ မတူတာ၊ အေးစက်စက် ဖြစ်နေတာမျိုးတွေ ကြုံရတတ်ပါတယ်။

အင်္ဂါနေ့နံသားသမီးများ

ဒေါသရှေ့ထားမိတာကြောင့် စကားအခြေအတင် ဖြစ်ရာကနေ လမ်းခွဲတဲ့အထိ ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

 သောကြာသား/သမီး

အချစ်၊ အိမ်ထောင်ရေးကို ကိုယ်စားပြုတဲ့ Venus ကို တိုက်ရိုက်ထိတဲ့နှစ်မို့ အဓိက နံသား ပါ။ ပြန်သုံးသပ်ရတော့မလိုထိ ပြသနာ ကြီးတက်နိုင်ပြီး relationship strain အပြင်းဆုံး ဖြစ်နိုင်မဲ့ ကာလဖြစ်ပါတယ်။

ဗုဒ္ဓဟူးသား/သမီး နဲ့ ရာဟုနံ

Mercury retrograde နှစ်ခါကြုံရပါမယ်။ (Jun 29–Jul 23, Oct 24–Nov 13) တိုက်ရိုက်ထိလို့ စကားလွဲ၊ နားလည်မှုလွဲတာနဲ့ တတိယလူ ကြောင့် ပြဿနာတက်လွယ်ပါမယ်။ အပြောအဆိုအနေအထိုင်ဆင်ခြင်ဖို့ လိုပါမယ်။

တနင်္ဂနွေနံ

ကိုယ်က ပိုချစ်တာလား၊ သူက ပိုချစ်တာလား” ဆိုတဲ့ power struggle ပေါ်နိုင်ပြီး မာန်မာနကြောင့် လမ်းခွဲရတဲ့ထိ ဖြစ်နိုင်တဲ့ ကာလပါ။

အချစ်နဲ့ အိမ်ထောင်ရေးကံညံ့နိုင်တဲ့ ရာသီဖွားများ

မိန်ရာသီဖွား

စိတ်ရှုပ်ထွေးမှုများပြီး အမှားမှားအယွင်းယွင်း ဆုံးဖြတ်မိတတ်ပါတယ်ရှင်။ အထင်လွဲမှုတွေကြောင့် ဆက်ဆံရေး ပျက်ပြားတတ်ပါတယ်ရှင်။

ကန်ရာသီဖွား

အိမ်ထောင်ရေးကဏ္ဍမှာ စနေဂြိုဟ်ရဲ့ အကြည့်အရှု ခံရတာကြောင့် အိမ်ထောင်ဘက်နဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းရတာ၊ တာဝန်တွေ ပိုပိလာတာမျိုးတွေ ဖြစ်တတ်ပြီး အိမ်ထောင်ဘက်ကပါ အိမ်ထောင်ရေးကံ ညံ့နေရင် လမ်းခွဲတဲ့ထိ ဖြစ်တတ်လို့ ဂရုစိုက်ရပါမယ်။

တူရာသီဖွား

တူရာသီဖွားတွေက အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပြန်အလှန်ညီမျှမှု မရှိတာ တွေ ပိုမြင်လာနိုင်ပါတယ်။“ဒီဆက်ဆံရေးကို ဆက်ထားရင် တန်သေးလား” ဆိုတဲ့ စိတ်မျိုး ဝင်လာလွယ်ပါတယ်။

ဗြိစ္ဆာရာသီဖွား

အချစ်ရေးမှာ မနာလိုစိတ်, အလွန်အကျွံ ထိန်းချုပ်လိုစိတ်, ဖုံးကွယ်ထားတာတွေ, စိတ်ချင်းနီးစပ်မှု လျော့နည်းတာ စတဲ့ ပြဿနာတွေကြောင့် စမ်းသပ်ခံရနိုင်ပါတယ်။

ပြိဿရာသီဖွား

ပြိဿရာသီဖွားတွေက အချစ်ရေးမှာ တန်ဖိုးထားပုံ မတူတာ တွေ ပိုပေါ်လာနိုင်ပါတယ်။

မတူညီမှုတွေကြောင့် ငွေကြေးကိစ္စနဲ့ အချစ်ရေးက ရောသွားပြီး ပြဿနာတက်တာ, အချင်းချင်း မလျော့ဘဲ တိတ်ဆိတ်နေကြတာ ကြောင့် စိတ်ဝေးသွားနိုင်ပါတယ်။

မိသရာသီဖွား

 အချစ်ရေးထဲမှာ တာဝန်ဖိအား, စိတ်မသေချာမှု, စိတ်မရှည်မှု တွေ တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် အောင့်မထားနိုင်ရင် စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့် ပြသနာဖြစ်ပြတ်သွားနိုင်ပါတယ်။

သိဟ်ရာသီဖွား

 အချစ်ရေးမှာ မာန, ကိုယ်ကို အသိအမှတ်ပြုစေချင်စိတ်, ကိုယ်ပဲ အရေးပါတော့မယ်ဆိုတဲ့ စိတ် တွေကြောင့် စုံတွဲကြား တင်းမာမှု တက်လာနိုင်ပါတယ်။“ငါ့ကို မလေးစားဘူး”, “ငါ့စကားကို အရေးမပေးဘူး”, “သူက ငါ့ကို မမြင်တော့ဘူး” ဆိုတဲ့ စိတ်နဲ့ စကားများနိုင်ပါတယ်။

ကုမ်ရာသီဖွား (Aquarius)

ကုမ်ရာသီဖွားတွေက အချစ်ရေးမှာ လွတ်လပ်ချင်စိတ် နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ထိန်းထားရမယ့် တာဝန် ကြား ပဋိပက္ခ ဖြစ်နိုင်ပါတယ်။“နည်းနည်း ဝေးဝေးနေချင်တယ်”, “တစ်ယောက်တည်း အချိန်လိုတယ်” ဆိုတဲ့ စကားတွေကြောင့် တစ်ဖက်လူက စိတ်မချမ်းသာဖြစ်နိုင်ပါတယ်။

လမ်းခွဲပြတ်စဲခြင်း မဖြစ်စေရန် ဆောင်ရန်/ရှောင်ရန်များ

သည်းခံခြင်းကို အမြဲသုံးပါ။ သည်းခံနေပါလျက်နဲက အငြင်းပွားစရာ ကြုံလာရင် ချက်ချင်း တုံ့ပြန်တာထက် ခေတ္တ အနားယူပြီးမှ စကားကို သေချာစဉ်းစားပြီး နူးညံ့စွာပြောဆိုပါ။

အရင်က ဒဏ်ရာဟောင်းတွေ အမှားဟောင်းတွေကို ပြန်ပြောတာက အခုပြဿနာကို ပိုကြီးထွားစေပါတယ်ရှင်။

နားထောင်ပေးပါ

 ကိုယ်ပြောချင်တာထက် တစ်ဖက်လူရဲ့ ခံစားချက်ကို သေချာ နားထောင်ပေးဖို့ လိုပါတယ်ရှင်။

အနုနည်းနဲ့ တိုင်ပင်ပါ:

ပြဿနာကို ရန်ဖြစ်တာထက် ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကို သုံးပါရှင်။

အချစ်ရေးအတွက်ယတြာ

အချစ်ရေးနဲ့ အိမ်ထောင်ရေး အဆင်ပြေစေဖို့ အောက်ပါ ယတြာလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်ရှင်။

၁။ မေတ္တာသုတ် ရွတ်ဆိုပါ: နေ့စဉ် ညအိပ်ရာဝင်ခါနီးတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုပြီး မိမိရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူကို မေတ္တာပို့ပေးပါရှင်။

၂။ ပန်းလှူဒါန်းပါ: ဗုဒ္ဓဟူးနေ့တိုင်း ဘုရားမှာ အနံ့မွှေးတဲ့ ပန်းဖြူဖြူ (ဥပမာ- စံပယ်ပန်း သို့မဟုတ် နှင်းဆီဖြူ) ၅ ပွင့်ကို သကြားရည်နဲ့ ကပ်လှူပေးပါရှင်။

စိတ်အေးအေးထားပြီး မေတ္တာနဲ့ ဆက်ဆံမယ်ဆိုရင် ကြုံလာရမယ့် အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါရှင်။

 ၂၀၂၆ မတ်လမှ ဒီဇင်ဘာလအတွင်း အချစ်နဲ့ အိမ်ထောင်ရေးအတွက် general astrology reading ပါ။ လူတိုင်း အတွက်တော့ ယေဘူယျတွက်ချက်မှု ဖြစ်ပါတယ်။

ဇာတာနဲ့ သေသေချာချာတွက်စစ်မှသာ တိကျ တစ်ဦးချင်းဆီအတွက် ပိုပြီးတိကျနိုင်င်ပါမယ်နော်။

အချစ်နဲ့ အိမ်ထောင်ရေးအတွက် သေချာသိလိုတယ်ဆိုရင်တော့

ကျမကို မက်ဆင်ဂျာကနေ ဆက်သွယ်လိုက်ပါနော်။

တစ်သက်တာအချစ်နဲ့ အိမ်ထောင်ရေးမှာ ဆောင်ရန်ရှောင်ရန်နဲ့ နှစ်အလိုက် ဂရုစိုက်ရမဲ့ ကာလတွေကိုပါ ဇာာတာကိုက်ပြီး စစ်ဆေးပေးပါတယ်နော်။

ချစ်သောသူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဘေးကင်းလိုရာပြည့်ကြပါစေ။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page