top of page

အင်္ဂါသားသမီးတို့အတွက် လာမဲ့ ၂၀၂၆

လူတိုင်းလူတိုင်းမှာ ကံတရားရဲ့ အထောက်အပံ့ကောင်းရရှိနိုင်တဲ့ နှစ်ဆိုတာရှိသလို၊ ကံအားနည်းတဲ့ နှစ်ဆိုတာလည်း လူတိုင်းမှာ ရှိပါတယ်။

ကံတရားရဲ့ အထောက်အပံ့ရတဲ့ အချိန်မှာ ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှု ရရှိနိုင်ပါတယ်။ ငွေကြေး၊အလုပ် ကံ အထူးကောင်းတတ်ပြီး၊ ကံတရားအထောက်အပံ့ရရှိချိန်မှာ ကျန်းမာရေး အညံ့ကြုံလျှင်တောင်မှ ဆေးတွေ့ပြီး သက်သာပျောက်ကင်းစေပါတယ်။ အမှုပြသနာကြုံလျှင်လည်း အညံ့အဆိုးသက်သာစေပါတယ်။


၂၀၂၆ ခုနှစ်အတွက် အသေးစိတ်ဖော်ပြချက်အရ

ကံတရားရဲ့ အထောက်အပံ့ကောင်းရရှိနိုင်တဲ့


အင်္ဂါ သားသမီးတွေကတော့ အသက် ၁၁ ၊ အသက် ၁၂ နှစ်၊၁၃ နှစ်၊ ၁၅ နှစ်အတွင်း ၊ အသက် ၂၆၊၂၇၊ ၂၉ နှစ်နဲ့ သက်လတ်ပိုင်းမှာတော့ ၄၁ နှစ် ၊ ၄၂ ၊ အသက် ၅၃၊ ၅၄၊ အသက်၅၇ သက်ကြီးပိုင်းမှာတော့ အသက် ၆၅၊၆၇ နဲ့ ၆၉၊ အသက် ၈၁၊ ၈၂၊ ၈၃ တို့ ဖြစ်ပါတယ်။

ကံတရားရဲ့ အထောက်အပံ့ရရှိတဲ့ကာလမို့ ကြိုးစားရင်ကြိုးစားသလောက်အောင်မြင်နိုင်ပါတယ်။

ကံအားနည်းတဲ့ အင်္ဂါ သားသမီးတွေကတော့

အသက် ၆၊၇၊၈၊၉၊ ၁၉၊၂၀၊ ၂၁၊၃၁၊ ၃၄၊၃၅၊၃၆၊၃၉၊

သက်လတ်ပိုင်းမှာတော့

၄၄၊၄၇၊၄၈၊၄၉၊၅၂၊၅၅၊၊၆၀၊၆၁၊၆၂၊၆၃၊၆၃၊၆၄၊၆၅၊၆၆

အသက် ၇၄၊၇၅၊၇၆၊၇၇ နှစ်၊၇၉ နှစ်၊ ၈၇၊၈၉နှစ် အရွယ်တို့ကတော့ အထူးဂရုစိုက်ရပါမယ်နော်။

ဒါ့အပြင် မည်သည့်နေ့သားမဆို

၃၊ ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃ တို့မှာ နာဂရသတ်ခတ်ကြုံပါတယ်။


အင်္ဂါ သားသမီးတွေထဲက အသက် ၃၉၊ ၄၇ နှစ်က ဘုမိကြီးကျပါတယ်။

အသက် ၃၆၊ ၄၄ နှစ်၊ ၅၂ နှစ် ကလည်း ဘုမိကျပါတယ်။


အင်္ဂါသားသမီးသာမက မည်သည့် နေ့သားမဆို

အသက် ၇၊ ၁၃၊၁၅၊ ၂၃၊၃၁၊၃၉၄၇၊၅၅၊၆၃၊၇၁၊၇၉၊၈၇နဲ့ ၈၉ တို့ကလည်း ဘုမိလေးကျတဲ့ဂရုစိုက်ရပါမယ်နော်။


ကံအားနည်းတဲ့ နှစ်တွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်လျှင် ဆုံးရှုံးတတ်ပါတယ်။ အလုပ်ထိခိုက်တတ်ပါတယ်။ အမှုပြသနာမကင်းကြုံရတတ်ပါတယ်။

ကျန်းမာရေး အညံ့အခိုက်ကြုံရတတ်ပါတယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။


အတိတ်က အကုသိုလ်ကြောင့် ကံကြွေးဆပ်ရတတ်ပါတယ်။

ဒါကြောင့် ကံအားနည်းချိန်တွေမှာ ဒါန၊သီလ၊ဘာဝနာ အားထုတ်ဖို့ မေတာနဲ့ တိုက်တွန်းပါတယ်။


ကံပွင့်၊ကံမြှင့် ယတြာအနေနဲ့ကတော့

နေ့စဉ် ဓါရဏပရိတ်တော်ကို ၁ ခေါက်၊သမ္ဗုဒ္ဓေဂါထာ ၃၆ ခေါက်၊

မေတ္တာသုတ် ၉ခေါက် ပူဇော်ပါ။အလှူဒါနအနေနဲ့လိုအပ်နေတဲ့ သူတွေကိုဆန်၊ဆီ၊ဆား၊ဆေး၊ဆပ်ပြာစသဖြင့်

တတ်နိုင်သလောက် လှူဒါန်းပေးပါ။

ဘာဝနာအနေနဲ့ မေတ္တာဘာဝနာနဲ့ အသုဘကမ္ဓဋ္ဌာန်းအားထုတ်ပါ။

အညံ့အဆိုးပြေစေဖို့ အထူးယတြာ

မွေးနေ့တိုင်း လုပ်ဆောင်ရန်(လစဉ်ပြုရန်)

မွေးနေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်တွင် ခရေညွန့် ၃၂ ညွန့်ကို အိမ်က ဘုရားမှာ ဂုဏ်တော်ကွန်ချာကို ၃ ခေါက် ပူဇော်ပေးပါ။ အပတ်စဉ် ပူဇော်ပေးရပါမယ်နော်။

ပြီးလျှင် လိုရာဆုတောင်းပါ။ ဘေးကင်းလိုရာပြည့်ပါလိမ့်မယ်။ ယုံကြည်စွာ လုပ်ဆောင်ပေးပါ။

ခရေညွှန့်ကို ၂၁ ရက်ပြည့်သည် အထိထားပြီးမှ စွန့်ပါ။ ထို ၂၁ ရက်အတွင်း မထိပါနှင့် အကိုင်ပါနှင့်။ ဘုရားစင်ပေါ်တွင် သီးခြားလှူဒါန်းထားးပေးပါ။


ဗုဒ္ဓဟူး သားသမီးများအတွက်ကို မနက်ဖြန်မှာ ဆက်လျက်ဖော်ပြပေးပါ့မယ်နော်။

တစ်ဦးချင်းဆီအနေနဲ့ ပညာကြေးပေးပြီး သီးသန့်အထူး

တွက်လိုတယ်ဆိုရင်တော့ မက်ဆင်ဂျာကနေ ဆက်သွယ်ပေးပါနော်။

ယတြာ၊ဓါတ်ရိုက်၊ဓါတ်ဆင်ခြင်းအတွက် သီးသန့်ပညာကြေးပေးရန်မလိုပါ။

ယနေ့ထိ မေးမြန်းခဲ့သူပေါင်း ခြောက်ထောင်ကျော်ကို ဟောကြားပေးပြီးဖြစ်ပါတယ်။

ချစ်သောသူများအားလုံးကျန်းမာချမ်းသာပါစေ

ဘေးကင်းလိုရာပြည့်ကြပါစေ။

မေတ္တာဖြင့်

May Thingyan Hein-Myitmakha

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page