top of page

လက်ထပ်မှာ အချစ်အတွက်လား၊ ဘဝအတွက်လား

( Unicode )


မိန်းမတွေရဲ့ လက်ထပ်ခြင်းမှာ နှစ်မျိုးနှစ်စားရှိတယ်လို့ ယေဘူယျသတ်မှတ်လေ့ရှိပါတယ်။ အများစုကတော့တော့ ဘဝအတွက် လက်ထပ်တယ်၊ အနည်းစုကတော့ အချစ်အတွက်လက်ထပ်တယ်။ အဲဒီထဲကမှ အနည်းစုကတော့ အချစ်ရော၊ဘဝလုံခြုံမှုအတွက်ရော လက်ထပ်ကြတယ်။


ဘယ်အရာက အမှန်ဆုံးလဲလို့ ပြောတဲ့အခါ ဖြေစရာအဖြေမျိုး ကျွန်မမှာတော့ မရှိတတ်ဘူး။


ဘဝအတွက်လက်ထပ်တာ၊အဲဒီလူကို တဖြည်းဖြည်းနဲ့ ချစ်လာပြီး သံယောဇဉ်ခိုင်မြဲသွားနိုင်တယ်လို့ ယူဆတာကိုလက်ခံတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မအမြင်မှာတော့ အချစ်မပါတဲ့အတွက် အိမ်ထောင်ရေးမှာ ကြုံတွေ့ရတဲ့ လူမှုရေးဆက်ဆံရေး ပြဿာနာတွေကိုတော့ သည်းခံနိုင်မှာ မဟုတ်ဘူးလို့ နားလည်မိတယ်။


မချစ်တဲ့အတွက် သူနဲ့ပေါင်းသင်းနေထိုင်စဉ်မှာ တွေ့ရတဲ့ ဒုက္ခတွေအတွက် သည်းမခံနိုင်ပါဘူး။ လွှမ်မိုးတတ်တဲ့ ယောက္ခမတွေ၊ ယောက္မတွေနဲ့ နေထိုင်ရတဲ့ မိန်းကလေးတွေဆိုရင် ပိုဆိုးပါတယ်။ ဒီလူကို မချစ်တဲ့အတွက် ဒီလူနဲ့ ပတ်သက်တဲ့ သူတွေအပေါ်မှာလည်း သည်းခံနိုင်ဖို့ ဆိုတာ မဖြစ်တော့ဘူး။


ချစ်တဲ့ သူကို သည်းခံနိုင်တဲ့ မိန်းမတစ်ယောက်ဟာ ချစ်တဲ့သူရဲ့ အမေ၊ အစ်မ၊ ညီမဆိုတာတွေကိုလည်း သည်းခံပေးကြတယ်။ သူတို့ကိုသည်းမခံတဲ့အခါ ကိုယ်ချစ်တဲ့ ခင်ပွန်းက ကြားညပ်ပြီး စိတ်ဒုက္ခရောက်မှာ စိုးလို့ပါ။ ချစ်တဲ့သူ စိတ်ထိခိုက်ရမှာစိုးလို့ သည်းခံပေးတာ အချစ်စိတ်ပါ။


ဒါဆို အချစ်အတွက် လက်ထပ်တယ်ဆိုပါတော့ ချစ်လို့ လက်ထပ်ကြတဲ့ သူတိုင်းကရော ပျော်ရွှင်ကြရဲ့လား။ ကျွန်မအမြင်မှာတော့ အချစ်ဟာ ဘဝလို့လက်ခံပြီး အိမ်ထောင်ပြုကြတဲ့ အခါ မမျှော်လင့်ထားတဲ့ ပြဿာနာတွေနဲ့ ကြုံရင်လည်း ပေါင်းဖက်နေပေမဲ့ မပျော်ရွှင်ကြရဘူး။


များသောအားဖြင့် မိန်းကလေးတွေဟာ အချစ်ကိစ္စမှာ စိတ်ကူးယဉ်ဆန်ကြတယ်။ မိန်းကလေးတွေအနေနဲ့ သူရဲ့စိတ်ကူးယဉ်ထားတဲ့ သာယာအေးချမ်းပြီး ပြည့်စုံတဲ့ အိမ်ထောင်ရေးကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားကြတာပါပဲ။ တကယ့်လက်တွေ့မှာတော့ သူမမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကိုလည်း လက်ခံရရှိတဲ့အခါ အဲဒီလိုပြဿနာမျိုးထဲမှာ လုံးချာပတ်ချာလည်ပြီး ပျော်ရွှင်မှုတွေ ပျောက်ကုန်ပြီး စိတ်ပျက်စရာအိမ်ထောင်ရေးနဲ့သာ တွေ့ရပါတယ်။


အဲလိုစိတ်ပျက်စရာအခြေအနေကို ဒါဟာ အိမ်ထောင်သည်တိုင်းတွေ့ရတဲ့ ပြဿနာလို့ နားလည်ပြီး ဖြတ်ကျော်နိုင်ဖို့အတွက် ခင်ပွန်းသည်ရော၊ ဇနီးသည်ကပါ ကြိုးစားကြရပါတယ်။


အိမ်ထောင်သည်ဘဝမှာ တစ်နေ့တစ်နေ့ တွေ့ကြုံရတဲ့ ပြဿာနာအခက်အခဲဆိုတာ နည်းမှ မနည်းတာ။ အဲဒါကို လင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ဖြတ်ကျော်ကြရတာပါပဲ။


ပြဿာနာ ရှိနေတဲ့အဲလိုအခြေအနေမျိုးမှာ အိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ ဖိုမလိင်ကိစ္စဆိုတာကလည်း ပြဿနာကို ဖြေရှင်းနေရတဲ့သူတွေအတွက် စိတ်ကျဉ်းကြပ်စရာမျိုးဖြစ်လာတတ်တယ်။


ဘာကြောင့်လဲဆိုတော့ လူအများစုက ပြဿနာတွေ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရချိန်တွေမှာ လိင်ကိစ္စပိုင်းကို တိမ်းညွှန့်အာရုံရှိခြင်း မဖြစ်တတ်ကြဘူး။


ဘဝရေးမှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ပြဿာနာရှိနေတဲ့ မိန်းမကို စာနာပေးပြီး နားလည်ပေးတဲ့ ခင်ပွန်းဆိုတာ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ရှားပါတယ်။ ကိုယ့်ဇနီးမယားက စိတ်ဖိစီးမှုတွေများပြီး လိင်ကိစ္စမှာ အာရုံမရှိတာ သူ့ကို ဇနီးမယားလိုတင်မက ညီမလေးလို ချစ်ခင်တတ်တဲ့ ခင်ပွန်းတွေကတော့ နားလည်စာနာပေးကြလေ့ရှိတယ်။


သူတို့အနေနဲ့ ကိုယ့်ဇနီးသည်ဆီက သာယာမှုမျိုးမရတဲ့အခါမှာလည်း ဇနီးအပေါ် ဖောက်ပြန်ဖို့အတွက် ကြင်နာသနားတာမျိုးလည်း ရှိနေတဲ့အတွက် သူတို့ရဲ့ စိတ်ကို အကျင့်သိက္ခာနဲ့ထိန်းသိမ်းပြီး မိသားစုအရေးကို မထိခိုက်အောင် ထိန်းသိမ်းကြပါတယ်။


အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ အဲဒီအချိန်မှာ ယောင်္ကျားတွေက သူတို့မိန်းမဆီကနေ မရရှိတဲ့ သာယာမှုမျိုးကို အခြားတစ်ယောက်ဆီကနေ ရယူလေ့ရှိကြတယ်။

တကယ်တော့ ကိုယ်ယာကပေါင်းဖက်မှုဆိုတာ အိမ်ထောင်ရေးမှာ ပါဝင်ပေမဲ့ သိပ်အဓိကကျတဲ့ အပိုင်းတော့ မဟုတ်ဘူးလို့ယူဆတဲ့သူတွေလည်း ရှိသလို၊ အဓိက ကျတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။


အိမ်ထောင်ရေးမှာ ဇနီးသည်တွေအနေနဲ့ ခင်ပွန်းဆီက လိုချင်တာက မေတ္တာပါ၊ ပျော်ရွှင်ချမ်းမြေ့မှုပါ။အဲလိုပါပဲ ခင်ပွန်းသည်တွေကလည်း ဇနီးသည်ဆီက လိုချင်တာ မေတ္တာတရား၊ နားလည်ပေးမှုနဲ့ ပျော်ရွှင်သာယာမှုမျိုးပါ။ အဲလိုမရကြဘူးဆိုရင်တော့ ဒီအိမ်ထောင်ဟာ ပြဿနာရှိနေတဲ့ အိမ်ထောင်ရေး ဖြစ်လာပါပြီ။ အဲဒီပြဿနာကို နှစ်ဦးနှစ်ဘက်စလုံးက ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်တာလို့ မြင်ပါတယ်။


အဲဒီလို အချိန်မျိုးမှာ ပြဿနာကို အဓိကဖြေရှင်းနေရတဲ့သူက ခင်ပွန်းဖြစ်နေတယ်ဆိုရင် သူ့အနေနဲ့ ကိုယ်ကာယပေါင်းဖက်ခြင်းမှာ စိတ်အာရုံမရှိပါဘူး။ ဇနီးသည်ကို မေ့ထားတာမျိုးမဟုတ်ပေမဲ့ ဇနီးသည်နဲ့ကိုယ်ကာယပေါင်းဖက်ဖို့ အာရုံမရှိဘဲနဲ့ လပေါင်းများစွာ နေတာမျိုးလည်း ရှိတတ်ပါတယ်။


အဲဒီအချိန်မျိုးမှာတော့ ပြဿနာမရှိတဲ့ ဇနီးသည်ကလည်း ကိုယ့်ခင်ပွန်းဆီကမရရှိတဲ့ သာယာမှုမျိုးကို အခြားတစ်ယောက်ဆီကနေ ရယူပြီး ဖောက်ပြန်တာတွေ ဖြစ်တတ်ပါသေးတယ်။ ဖောက်ပြန်တယ်ဆိုတာမှာာ ယောင်္ကျားတွေကပဲ ဖောက်ပြန်တယ်လို့ မဆိုလိုပါဘူး၊ လောကမှ ဖောက်ပြန်တတ်တဲ့ မိန်းမတွေလည်း ရှိကြပါတယ်။


အဲလိုအိမ်ထောင်ရေးဖောက်ပြန်သွားတဲ့ မိန်းမတွေကတော့ သားသမီးတွေကိုလည်း ကြောက်ရ၊ ခင်ပွန်းနဲ့ ပတ်ဝန်းကျင်ကိုလည်း ကြောက်ရနဲ့ ဒီလောက ဒီအသိုင်းအဝိုင်းကိုပါ စွန့်ပြီး ထွက်ပြေးတာမျိုးလုပ်လေ့ရှိပါတယ်။ ထွက်ပြေးလို့ နောင်အသစ်ကမ္ဘာမျိုးမှာလည်း သူတို့မပျော်နိုင်ကြပါဘူး။ သူတို့က ကိုယ့်အသိုက်ကိုယ် ပြန်ဖျက်တဲ့သူတွေအဖြစ် အမြဲတမ်း သတိရနေတတ်ပါတယ်။


ဒီလိုမိသားစုကနေ ကြီးပြင်းလာရတဲ့ သားသမီးတွေမှာလည်း စိတ်ဒဏ်ရာကိုယ်စီနဲ့မို့ စိတ်ရော၊ ရုပ်ပါ အောင်မြင်တဲ့ ဘဝတွေအဖြစ် ရှင်သန်လာဖို့ ခက်ခဲသွားကြတာလည်း တွေ့မြင်ရပါတယ်။


အဲဒီနေရာမှာ ဆိုချင်တာကတော့ ဖောက်ပြန်တဲ့ အိမ်ထောင်ဘက်ကို ခွင့်လွှတ်ပေးပြီး ပြန်လည်ပေါင်းသင်းဖို့ ဆိုတာ အတော့်ကို မေတ္တာရားကြီးမားတဲ့ သူတွေမှသာ လုပ်ဆောင်နိုင်တဲ့ ကိစ္စပါ။


ဒီလူကို တစ်ကြိမ်တစ်ခါမို့ ခွင့်လွှတ်လိုက်ပေမဲ့ နောက်တစ်ကြိမ်မှာတော့ ခုလိုပဲ ခွင့်လွှတ်ဦးမယ်လို့ ထင်တဲ့ ဖောက်ပြန်သူတွေလည်း ရှိနေတဲ့အတွက် ဒုတိယ အကြိမ်၊ တတိယအကြိမ် ဖောက်ပြန်ခြင်းဆိုတာတွေလည်း ရှိလာတာ ဖြစ်ပါတယ်။

ဖောက်ပြန်တဲ့ သူတွေမှာလည်း တကယ့်ကို ကိုယ့်ရဲ့အားနည်းချက်ကို သိပြီး ဖောက်ပြန်မိတဲ့ အတွက် နောင်တရတဲ့ သူတွေလည်း ရှိပေမဲ့ ရှားတော့ရှားပါတယ်။ တစ်ကြိမ်တစ်ခါပဲ နောက်မမှားတော့ဘူးဆိုတာကို လက်ခံမဲ့သူတွေရဲ့ အမြျှော်အမြင်နဲ့ ဆုံးဖြတ်ချက်ကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်သင့်တာပါ။


ဘာကြောင့်ပဲ လက်ထပ်ခဲ့ပါစေ။အိမ်ထောင်ပြုခဲ့ပြီးရင်တော့ သားသမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ...ကိုယ့်ကြောင့်ဖြစ်လာတဲ့ အသိုက်အမြုံတစ်ခုရဲ့ တန်ဖိုးကို နှစ်ဦးစလုံးက နားလည်ပြီး စောင့်ရှောက်ကြရပါတယ်။


အဲဒီလို စောင့်ရှောက်နိုင်ဖို့တွက် မိန်းမတွေဟာ သတ္တိရှိရတယ်။ မေတ္တာတရားကြီးမားကြရတယ်။ အမျိုးသားတွေအနေနဲ့လည်း ကြင်နာ၊သနားတတ်ပြီး ဇနီးသည်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားရပါတယ်။ နှစ်ဦးစလုံးကတော့ ကိုယ့်ဘက်သူ့ဘက်ကိုလည်း နားလည်စာနာပေးနိုင်စွမ်း ရှိပြီး သစ္စာတရားကို တန်ဖိုးထားရပါတယ်။ အဲလိုမှသာလျှင် ဒီအသိုက်အမြုံလေးဟာ ရေရှည်တန်တည့်ပြီး အောင်မြင်တဲ့ နောက်မျိုးဆက်တွေ ထွက်ပေါ်လာတာပါ။


အောင်မြင်တဲ့ မိသားစုတစ်ခုကို တည်ဆောက်ရာမှာ ဇနီးသည်ကပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ နှစ်ဦးစလုံးက တက်ညီလက်ညီနဲ့ ကြိုးစားတည်ဆောက်မှသာ အောင်မြင်တဲ့ မိသားစုဖြစ်လာပြီး မျိုးဆက်တွေကိုလည်း အောင်မြင်တဲ့ မျိုးဆက်တွေအဖြစ် ထားခဲ့နိုင်ကြတာပါ။


ဘဝ၊ အချစ်နဲ့အိမ်ထောင်ရေးဆိုင်ရာ ရင်ဖွင့်တိုင်ပင်လိုတယ်ဆိုရင် ဖုန်း၀၉ ၈၉၉ ၆၆၆ ၈၉၄ ကို ဆက်သွယ်ပါ။


ကျွန်မရေးသားထားတဲ့ အချစ်၊အိမ်ထောင်ရေးဆိုင်ရာ စာအုပ်တွေကို မှာယူလိုတယ်ဆိုရင် ဖုန်း ၀၉ ၄၂၄၂၇၁၀၄၄ ကို မက်ဆေ့ပို့ပြီး မှာယူနိုင်ပါတယ်။


ကျွန်မရဲ့ စာများကို အခမဲ့ ဖတ်ချင်တယ်ဆိုရင် May Thingyan Hein (Page)မှာ Like & follow

လုပ်ထားပါ။အိမ်ထောင်ရေးဆိုင်ရာ ဗီဒီယိုတွေကို ကြည့်ချင်တယ်ဆိုရင် Youtubeကကျမရဲ့ အကောင့်မှာ Subscribe လုပ်ထားပြီးကြည့်လို့ရပါတယ်။


ကျွန်မရေးသားထားသော စာစုများကို copy လုပ်ပြီး အခြားအကောင့်တစ်ခုတွင် ဖော်ပြခြင်း၊ website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါတယ်။


နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

မေသြင်္ကန်ဟိန်(မြစ်မခ)

( Zawgyi )


မိန္းမေတြရဲ႕ လက္ထပ္ျခင္းမွာ ႏွစ္မ်ိဳးႏွစ္စားရွိတယ္လုိ႔ ေယဘူယ်သတ္မွတ္ေလ႔ရွိပါတယ္။ အမ်ားစုကေတာ႕ေတာ႕ ဘ၀အတြက္ လက္ထပ္တယ္၊ အနည္းစုကေတာ႕ အခ်စ္အတြက္လက္ထပ္တယ္။ အဲဒီထဲကမွ အနည္းစုကေတာ႕ အခ်စ္ေရာ၊ဘ၀လံုျခံဳမႈအတြက္ေရာ လက္ထပ္ၾကတယ္။


ဘယ္အရာက အမွန္ဆံုးလဲလို႕ ေျပာတဲ႕အခါ ေျဖစရာအေျဖမ်ိဳး ကၽြန္မမွာေတာ႕ မရွိတတ္ဘူး။


ဘ၀အတြက္လက္ထပ္တာ၊အဲဒီလူကို တျဖည္းျဖည္းနဲ႕ ခ်စ္လာၿပီး သံေယာဇဥ္ခိုင္ျမဲသြားႏိုင္တယ္လို႕ ယူဆတာကိုလက္ခံတဲ႕သူေတြလည္း ရွိပါတယ္။ ကၽြန္မအျမင္မွာေတာ႕ အခ်စ္မပါတဲ႕အတြက္ အိမ္ေထာင္ေရးမွာ ၾကံဳေတြ႕ရတဲ႕ လူမႈေရးဆက္ဆံေရး ျပႆာနာေတြကိုေတာ႕ သည္းခံႏိုင္မွာ မဟုတ္ဘူးလို႕ နားလည္မိတယ္။


မခ်စ္တဲ႕အတြက္ သူနဲ႔ေပါင္းသင္းေနထိုင္စဥ္မွာ ေတြ႕ရတဲ႕ ဒုကၡေတြအတြက္ သည္းမခံႏိုင္ပါဘူး။ လႊမ္မိုးတတ္တဲ႕ ေယာကၡမေတြ၊ ေယာကၼေတြနဲ႕ ေနထိုင္ရတဲ႕ မိန္းကေလးေတြဆိုရင္ ပိုဆိုးပါတယ္။ ဒီလူကို မခ်စ္တဲ႕အတြက္ ဒီလူနဲ႕ ပတ္သက္တဲ႕ သူေတြအေပၚမွာလည္း သည္းခံႏိုင္ဖို႕ ဆိုတာ မျဖစ္ေတာ႕ဘူး။


ခ်စ္တဲ႕ သူကို သည္းခံႏိုင္တဲ႕ မိန္းမတစ္ေယာက္ဟာ ခ်စ္တဲ႔သူရဲ႕ အေမ၊ အစ္မ၊ ညီမဆိုတာေတြကိုလည္း သည္းခံေပးၾကတယ္။ သူတို႕ကိုသည္းမခံတဲ႕အခါ ကို္ယ္ခ်စ္တဲ႕ ခင္ပြန္းက ၾကားညပ္ၿပီး စိတ္ဒုကၡေရာက္မွာ စိုးလို႕ပါ။ ခ်စ္တဲ႕သူ စိတ္ထိခိုက္ရမွာစိုးလို႕ သည္းခံေပးတာ အခ်စ္စိတ္ပါ။


ဒါဆို အခ်စ္အတြက္ လက္ထပ္တယ္ဆိုပါေတာ႕ ခ်စ္လို႕ လက္ထပ္ၾကတဲ႕ သူတိုင္းကေရာ ေပ်ာ္ရႊင္ၾကရဲ႕လား။ ကၽြန္မအျမင္မွာေတာ႕ အခ်စ္ဟာ ဘ၀လို႔လက္ခံၿပီး အိမ္ေထာင္ျပဳၾကတဲ႕ အခါ မေမွ်ာ္လင္႔ထားတဲ႕ ျပႆာနာေတြနဲ႕ ၾကံဳရင္လည္း ေပါင္းဖက္ေနေပမဲ႕ မေပ်ာ္ရႊင္ၾကရဘူး။


မ်ားေသာအားျဖင္႔ မိန္းကေလးေတြဟာ အခ်စ္ကိစၥမွာ စိတ္ကူးယဥ္ဆန္ၾကတယ္။ မိန္းကေလးေတြအေနနဲ႕ သူရဲ႕စိတ္ကူးယဥ္ထားတဲ႕ သာယာေအးခ်မ္းၿပီး ျပည္႔စံုတဲ႕ အိမ္ေထာင္ေရးကို လက္ေတြ႕မွာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ၾကိဳးစားၾကတာပါပဲ။ တကယ္႔လက္ေတြ႕မွာေတာ႕ သူမေမွ်ာ္လင္႔ထားတဲ႕ စိန္ေခၚမႈေတြကိုလည္း လက္ခံရရွိတဲ႕အခါ အဲဒီလိုျပႆနာမ်ိဳးထဲမွာ လံုးခ်ာပတ္ခ်ာလည္ၿပီး ေပ်ာ္ရႊင္မႈေတြ ေပ်ာက္ကုန္ၿပီး စိတ္ပ်က္စရာအိမ္ေထာင္ေရးနဲ႔သာ ေတြ႕ရပါတယ္။


အဲလိုစိတ္ပ်က္စရာအေျခအေနကို ဒါဟာ အိမ္ေထာင္္သည္တိုင္းေတြ႕ရတဲ႕ ျပႆနာလို႕ နားလည္ၿပီး ျဖတ္ေက်ာ္ႏိုင္ဖို႕အတြက္ ခင္ပြန္းသည္ေရာ၊ ဇနီးသည္ကပါ ၾကိဳးစားၾကရပါတယ္။


အိမ္ေထာင္သည္ဘ၀မွာ တစ္ေန႔တစ္ေန႕ ေတြ႕ၾကံဳရတဲ႕ ျပႆာနာအခက္အခဲဆိုတာ နည္းမွ မနည္းတာ။ အဲဒါကို လင္မယားႏွစ္ေယာက္ေခါင္းခ်င္းဆိုင္ၿပီး ျဖတ္ေက်ာ္ၾကရတာပါပဲ။


ျပႆာနာ ရွိေနတဲ႕အဲလိုအေျခအေနမ်ိဳးမွာ အိမ္ေထာင္သည္ဘ၀မွာ ၾကံဳေတြ႕ရတဲ႕ ဖိုမလိင္ကိစၥဆိုတာကလည္း ျပႆနာကို ေျဖရွင္းေနရတဲ႕သူေတြအတြက္ စိတ္က်ဥ္းၾကပ္စရာမ်ိဳးျဖစ္လာတတ္တယ္။


ဘာေၾကာင္႔လဲဆိုေတာ႕ လူအမ်ားစုက ျပႆနာေတြ အခက္အခဲေတြ စိန္ေခၚမႈေတြနဲ႕ ၾကံဳေတြ႕ေနရခ်ိန္ေတြမွာ လိင္ကိစၥပိုင္းကို တိမ္းညႊန္႕အာရံုရွိျခင္း မျဖစ္တတ္ၾကဘူး။


ဘ၀ေရးမွာပဲျဖစ္ျဖစ္၊ အလုပ္ထဲမွာပဲျဖစ္ျဖစ္ တစ္စံုတစ္ရာ ျပႆာနာရွိေနတဲ႕ မိန္းမကို စာနာေပးၿပီး နားလည္ေပးတဲ႕ ခင္ပြန္းဆိုတာ ရွိေတာ႕ရွိပါတယ္။ ဒါေပမဲ႕ ရွားပါတယ္။ ကိုယ္႔ဇနီးမယားက စိတ္ဖိစီးမႈေတြမ်ားၿပီး လိင္ကိစၥမွာ အာရံုမရွိတာ သူ႕ကို ဇနီးမယားလိုတင္မက ညီမေလးလို ခ်စ္ခင္တတ္တဲ႕ ခင္ပြန္းေတြကေတာ႕ နားလည္စာနာေပးၾကေလ႕ရွိတယ္။


သူတုိ႕အေနနဲ႕ ကိုယ္႔ဇနီးသည္ဆီက သာယာမႈမ်ိဳးမရတဲ႕အခါမွာလည္း ဇနီးအေပၚ ေဖာက္ျပန္ဖို႕အတြက္ ၾကင္နာသနားတာမ်ိဳးလည္း ရွိေနတဲ႕အတြက္ သူတို႕ရဲ႕ စိတ္ကို အက်င္႔သိကၡာန႕ဲထိန္းသိမ္းၿပီး မိသားစုအေရးကို မထိခိုက္ေအာင္ ထိန္းသိမ္းၾကပါတယ္။


အဲလိုမွ မဟုတ္ဘူးဆိုရင္ေတာ႕ အဲဒီအခ်ိန္မွာ ေယာက်ၤားေတြက သူတို႕မိန္းမဆီကေန မရရွိတဲ႕ သာယာမႈမ်ိဳးကို အျခားတစ္ေယာက္ဆီကေန ရယူေလ႔ရွိၾကတယ္။

တကယ္ေတာ႕ ကိုယ္ယာကေပါင္းဖက္မႈဆိုတာ အိမ္ေထာင္ေရးမွာ ပါ၀င္ေပမဲ႕ သိပ္အဓိကက်တဲ႕ အပိုင္းေတာ႕ မဟုတ္ဘူးလို႕ယူဆတဲ႕သူေတြလည္း ရွိသလို၊ အဓိက က်တယ္လို႕ ယူဆသူေတြလည္း ရွိပါတယ္။


အိမ္ေထာင္ေရးမွာ ဇနီးသည္ေတြအေနနဲ႕ ခင္ပြန္းဆီက လိုခ်င္တာက ေမတၱာပါ၊ ေပ်ာ္ရႊင္ခ်မ္းေျမ႔မႈပါ။အဲလိုပါပဲ ခင္ပြန္းသည္ေတြကလည္း ဇနီးသည္ဆီက လိုခ်င္တာ ေမတၱာတရား၊ နားလည္ေပးမႈနဲ႕ ေပ်ာ္ရႊင္သာယာမႈမ်ိဳးပါ။ အဲလိုမရၾကဘူးဆိုရင္ေတာ႕ ဒီအိမ္ေထာင္ဟာ ျပႆနာရွိေနတဲ႕ အိမ္ေထာင္ေရး ျဖစ္လာပါၿပီ။ အဲဒီျပႆနာကို ႏွစ္ဦးႏွစ္ဘက္စလံုးက ေျပလည္ေအာင္ ေျဖရွင္းေပးဖို႕ လိုအပ္တာလို႕ ျမင္ပါတယ္။


အဲဒီလို အခ်ိန္မ်ိဳးမွာ ျပႆနာကို အဓိကေျဖရွင္းေနရတဲ႕သူက ခင္ပြန္းျဖစ္ေနတယ္ဆိုရင္ သူ႕အေနနဲ႕ ကိုယ္ကာယေပါင္းဖက္ျခင္းမွာ စိတ္အာရံုမရွိပါဘူး။ ဇနီးသည္ကို ေမ႔ထားတာမ်ိဳးမဟုတ္ေပမဲ႕ ဇနီးသည္နဲ႕ကိုယ္ကာယေပါင္းဖက္ဖို႕ အာရံုမရွိဘဲနဲ႕ လေပါင္းမ်ားစြာ ေနတာမ်ိဳးလည္း ရွိတတ္ပါတယ္။


အဲဒီအခ်ိန္မ်ိဳးမွာေတာ႕ ျပႆနာမရွိတဲ႕ ဇနီးသည္ကလည္း ကိုယ္႔ခင္ပြန္းဆီကမရရွိတဲ႕ သာယာမႈမ်ိဳးကို အျခားတစ္ေယာက္ဆီကေန ရယူၿပီး ေဖာက္ျပန္တာေတြ ျဖစ္တတ္ပါေသးတယ္။ ေဖာက္ျပန္တယ္ဆိုတာမွာာ ေယာက်ၤားေတြကပဲ ေဖာက္ျပန္တယ္လို႕ မဆိုလိုပါဘူး၊ ေလာကမွ ေဖာက္ျပန္တတ္တဲ႕ မိန္းမေတြလည္း ရွိၾကပါတယ္။


အဲလိုအိမ္ေထာင္ေရးေဖာက္ျပန္သြားတဲ႕ မိန္းမေတြကေတာ႕ သားသမီးေတြကိုလည္း ေၾကာက္ရ၊ ခင္ပြန္းနဲ႕ ပတ္၀န္းက်င္ကိုလည္း ေၾကာက္ရနဲ႕ ဒီေလာက ဒီအသိုင္းအ၀ိုင္းကိုပါ စြန္႔ၿပီး ထြက္ေျပးတာမ်ိဳးလုပ္ေလ႔ရွိပါတယ္။ ထြက္ေျပးလို႕ ေနာင္အသစ္ကမၻာမ်ိဳးမွာလည္း သူတုိ႕မေပ်ာ္ႏိုင္ၾကပါဘူး။ သူတို႕က ကိုယ္႔အသိုက္ကိုယ္ ျပန္ဖ်က္တဲ႕သူေတြအျဖစ္ အျမဲတမ္း သတိရေနတတ္ပါတယ္။


ဒီလိုမိသားစုကေန ၾကီးျပင္းလာရတဲ႕ သားသမီးေတြမွာလည္း စိတ္ဒဏ္ရာကိုယ္စီနဲ႕မို႕ စိတ္ေရာ၊ ရုပ္ပါ ေအာင္ျမင္တဲ႕ ဘ၀ေတြအျဖစ္ ရွင္သန္လာဖို႕ ခက္ခဲသြားၾကတာလည္း ေတြ႕ျမင္ရပါတယ္။


အဲဒီေနရာမွာ ဆုိခ်င္တာကေတာ႕ ေဖာက္ျပန္တဲ႕ အိမ္ေထာင္ဘက္ကို ခြင္႔လႊတ္ေပးၿပီး ျပန္လည္ေပါင္းသင္းဖို႕ ဆိုတာ အေတာ္႕ကို ေမတၱာရားၾကီးမားတဲ႕ သူေတြမွသာ လုပ္ေဆာင္ႏို္င္တဲ႕ ကိစၥပါ။


ဒီလူကို တစ္ၾကိမ္တစ္ခါမို႔ ခြင္႔လႊတ္လိုက္ေပမဲ႕ ေနာက္တစ္ၾကိမ္မွာေတာ႕ ခုလိုပဲ ခြင္႔လႊတ္ဦးမယ္လို႕ ထင္တဲ႕ ေဖာက္ျပန္သူေတြလည္း ရွိေနတဲ႕အတြက္ ဒုတိယ အၾကိမ္၊ တတိယအၾကိမ္ ေဖာက္ျပန္ျခင္းဆိုတာေတြလည္း ရွိလာတာ ျဖစ္ပါတယ္။

ေဖာက္ျပန္တဲ႕ သူေတြမွာလည္း တကယ္႕ကို ကိုယ္႔ရဲ႕အားနည္းခ်က္ကို သိၿပီး ေဖာက္ျပန္မိတဲ႕ အတြက္ ေနာင္တရတဲ႕ သူေတြလည္း ရွိေပမဲ႕ ရွားေတာ႕ရွားပါတယ္။ တစ္ၾကိမ္တစ္ခါပဲ ေနာက္မမွားေတာ႕ဘူးဆိုတာကို လက္ခံမဲ႔သူေတြရဲ႕ အေျမွ်ာ္အျမင္နဲ႕ ဆံုးျဖတ္ခ်က္ကလည္း ကိုယ္ပို္င္ဆံုးျဖတ္ခ်က္ပဲ ျဖစ္သင္႔တာပါ။


ဘာေၾကာင္႔ပဲ လက္ထပ္ခဲ႕ပါေစ။အိမ္ေထာင္ျပဳခဲ႕ၿပီးရင္ေတာ႕ သားသမီးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ...ကိုယ္႔ေၾကာင္႔ျဖစ္လာတဲ႕ အသိုက္အျမဳံတစ္ခုရဲ႕ တန္ဖိုးကို ႏွစ္ဦးစလံုးက နားလည္ၿပီး ေစာင္႔ေရွာက္ၾကရပါတယ္။


အဲဒီလို ေစာင္႔ေရွာက္ႏုိင္ဖို႕တြက္ မိန္းမေတြဟာ သတၱိရွိရတယ္။ ေမတၱာတရားၾကီးမားၾကရတယ္။ အမ်ိဳးသားေတြအေနနဲ႕လည္း ၾကင္နာ၊သနားတတ္ၿပီး ဇနီးသည္ကို ခ်စ္ခင္ျမတ္ႏိုး တန္ဖိုးထားရပါတယ္။ ႏွစ္ဦးစလံုးကေတာ႕ ကိုယ္႔ဘက္သူ႕ဘက္ကိုလည္း နားလည္စာနာေပးႏိုင္စြမ္း ရွိၿပီး သစၥာတရားကို တန္ဖိုးထားရပါတယ္။ အဲလိုမွသာလွ်င္ ဒီအသိုက္အျမံဳေလးဟာ ေရရွည္တန္တည္႔ၿပီး ေအာင္ျမင္တဲ႕ ေနာက္မ်ိဳးဆက္ေတြ ထြက္ေပၚလာတာပါ။


ေအာင္ျမင္တဲ႕ မိသားစုတစ္ခုကို တည္ေဆာက္ရာမွာ ဇနီးသည္ကပဲ တာ၀န္ရွိတာ မဟုတ္ပါဘူး။ ႏွစ္ဦးစလံုးက တက္ညီလက္ညီနဲ႕ ၾကိဳးစားတည္ေဆာက္မွသာ ေအာင္ျမင္တဲ႕ မိသားစုျဖစ္လာၿပီး မ်ိဳးဆက္ေတြကိုလည္း ေအာင္ျမင္တဲ႕ မ်ိဳးဆက္ေတြအျဖစ္ ထားခဲ႕ႏိုင္ၾကတာပါ။




ကြၽန္မရဲ႕ စာမ်ားကို အခမဲ႕ ဖတ္ခ်င္တယ္ဆိုရင္ May Thingyan Hein (Page)မွာ Like & follow

လုပ္ထားပါ။အိမ္ေထာင္ေရးဆိုင္ရာ ဗီဒီယိုေတြကို ၾကည့္ခ်င္တယ္ဆိုရင္ Youtubeကက်မရဲ႕ အေကာင္႔မွာ Subscribe လုပ္ထားၿပီးၾကည္႔လို႕ရပါတယ္။


ကြၽန္မေရးသားထားေသာ စာစုမ်ားကို copy လုပ္ၿပီး အျခားအေကာင့္တစ္ခုတြင္ ေဖာ္ျပျခင္း၊ website မ်ားတြင္ ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳေၾကာင္း အသိေပးအပ္ပါတယ္။


ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစ။

ေမသၾကၤန္ဟိန္(ျမစ္မခ)

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
Post: Blog2_Post
bottom of page